အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ရွှေကြာ ငွေကြာ သင်္ကန်းကပ်လှူပူဇော်ပွဲကို တန်ဆောင်တိုင်လပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ တွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အသက် ၄၅ နှစ် အထက် ပြည်သူ များအား‌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်နာရီက စတင်၍ ရွာမကျောင်းတိုက်၊ဓမ္မာရုံတွင် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ကဝ-ပဲခူး လမ်းမကြီး ရှမ်းကန်လမ်းဆုံ၌ ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသောဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသားဖြစ်ကြသော တိုင်းရင်းသား များနှင့်ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့် အညီအိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအား မိဘပြည်သူများ သိရှိနိုင်စေရေးအတွက် ပန်းခင်းစီမံချက်အ​သိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့​သည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ​ပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်တွင် အသက်(၁၂) နှစ်နှင့်အထက်​ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က(ထုံးဘို)၊ အ.ထ.က(ဂုံညှင်းတန်း)၊ အ.ထ.က(ရှားဖြူကွင်း)၊ အ.ထ.က(ကျောင်းဦး)၊ အ.ထ.က(ပဲကြီး) တို့တွင် ဆေးထိုးစုရပ်(၇)ခုဖြင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
၂၀၂၁ ခုနှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအ ခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားဝါ သနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်  လူငယ်နဲ့  အထက်တန်းစားစိတ်ဓာတ်   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို နိုဝင်ဘာလ(၁၆)ရက်၊ နံနက်(၁၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။