သံတွဲ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်ရှိ အသက် ၁၂နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့မှစ၍ သတ်မှတ်ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ ဆေးထိုးစုရပ်စင်တာ(၁၁)ခုတွင် ဒုတိယကြိမ် (ပထမ)ရက်အဖြစ် စတင်ထိုးနှံပေး လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့မှစ၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက် ကြည့်ရှုအားပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် စုစုပေါင်း ၂၇ ကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၆၃) ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)