အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင်မှုဖြင့် မြို့ နယ်အတွင်း ဌာနဆိုင်ရာများ နှင့်အလှူရှင်များပူးပေါင်း၍ အကြိမ်(၃၀) မြောက်၊ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သဘာဝဘိုးဘွား ရိပ်သာကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
Nov 16,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်၌ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၃၄၇)ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့အသီးသီး ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
Nov 16,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က တောင်ကြီးမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင ်အသက်(၁၂)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်၌ မြို့မ(၁)ရပ်ကွက်ရှိ မဟာတိလောက သယမ္ဘူဘုရားကြီးစောင်းတန်း၌ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အတက်ရောဂါ အကြောင်း သိကောင်းစရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် စေတနာဝန်ထမ်း ကျန်းမာရေး လုပ်သားများအား ကုသရေးသင်တန်းပို့ချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာန ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။