တံတားဦး နိုဝင်ဘာဘာ ၁၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက Hand Speakerဖြင့် လိုက်လံအသိပေးနှိူးဆော်ကြောင်းသိရသည် ၊
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက်၊ နီပါးတန်းရပ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်အတွင်း ၌သာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှပြန်လာသော ဧည့်သည်များကို လက်မခံကြရန်၊ မိမိတို့က လည်း အခြားနေအိမ်နှင့် အခြားသူများထံ မသွားရောက်ကြရန်၊ မဖြစ်မနေအပြင်သို့သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask တို့ကိုစနစ်တကျလုံခြုံစွာ တပ်ဆင်အသုံးပြုရန် ၊ လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့ တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း များ မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာဆောင်ရွက်ကြပြီး ပူးပေါင်းပါဝင်ပေးကြရန် ကျန်းမာရေး ဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက ်ရေး၊ အကယ်၍ မိမိတို့အိမ်၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုးမပြုလုပ်ဘဲ နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆေးကုသမှု ခံယူပြသရန်၊ ကာကွယ် ဆေးထိုးနှံ ပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာရန်နှင့် အသက် (၁၈)နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သုခိတ ကမ္ဘောဇ ဗိမာန်၌ နေ့စဉ်နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ လာရောက်ထိုးနှံပေးကြရန်နှင့် အခြေခံပညာကျောင်းများ တွင်လည်း အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကာကွယ် ဆေးကို စုရပ်များတွင် ဆက်လက်ထိုးပေးမည်ဖြစ်ကြောင်း Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်ကြကြောင်းသိရသည်။
ရဲတင့်(တံတားဦး)