ဒဂုံဆိပ်ကမ်း၊ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် အသက်(၁၂) နှစ်နှင့် အသက်(၁၈) နှစ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂)နှင့်အ.ထ.က(၅) တို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၌ ကျောင်းအပ်နှံထားသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ယခုအခါ ဒုတိယအကြိမ် Sinovac အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် နှစ်ဦးကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အသက်(၁၂) နှစ်နှင့် အသက်(၁၈) နှစ်အတွင်း ကျောင်းသား/သူ အ.ထ.က(၂) တွင် ( ၂၃၈) ဦး၊ အ.ထ.က( ၅)တွင် (၂၂၂) ဦး စုစုပေါင်းကျောင်းသား/ ကျောင်းသူ (၄၆၀) ဦးအား ဒုတိယ အကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပညာရေးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ အသင်းနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြောင်းသတင်း ရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)