ရေဖြူ နိုဝင်ဘာ ၁၆
ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူလေးများအား ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို သတ်မှတ် ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုး စင်တာများ တွင် ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ (၁၄)ရက်မှနံနက် ၈နာရီမှ စတင်ထိုးနှံပေး လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ရေဖြူမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညို့ နှင့်ကျောင်းအုပ်ကြီးများက အနီးကပ် ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ထိုးနှံမည့် ရေဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း နှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၉၅)ဦးအား ဒုတိယအကြိမ် ထိုးပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆေးထိုးရာတွင် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီ ဆောင်ရွက် ခဲ့ကြကာ ကျောင်းသားစာရင်းပြုစုခြင်း ၊ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ခတ္တာ