မေတ္တာမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲဆောင်ရွက်

မေတ္တာ နို၀င်ဘာ  ၁၆

၂၀၂၁ခုနှစ်၊ နို၀င်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် မျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး​ဟောပြောခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ် ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က အသိပညာပေး ဟောပြော ဆောင်ရွက် ခဲ့သည်။

ဟောပြောပွဲတွင် မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွါးလာစေရန်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသား ရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်ကို အကျိုးပြု မည့် ကျောင်းသား/သူများ ဖြစ်လာစေရေး အသိပညာဟောပြောခဲ့ပြီး ဟောပြောပွဲတွင် မေတ္တာမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်း သူများက ဖတ်ရှုလေ့ လာခဲ့ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)