ကျောက်ဆည်မြို့ နေလသုခဗိမာန်တော်ကြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် (၂၆)ကြိမ် မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ နေလသုခဗိမာန်တော်ကြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၂၆) ကြိမ်မြောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်ရုံ/အလုပ်ရုံ ဝန်ထမ်း ပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့မွန်လွဲ(၁၂)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃ နာယက အဖွဲ့ဥက္ကဋ္ဌ၊ ကုန်းမြင့်သာ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တစက္ကိန္ဒာဘိဓဇ (အဂ္ဂမဟာသဒ္ဒ မ္မဇောတိကဓဇ ဂန္တဝါစကပဏ္ဍိတ) အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရာဇ္ဇျာယ် ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရို်ငအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက သာသနာရေး ဆို်ငရာများ လျှောက်ထားကာ ကထိန်လျာသင်္ကန်းနှင့် ကထိန်သင်္ကန်းများ၊ဝတ္ထုငွေများအား ဌာနဆိုင်ရာ အလှူရှင်များနှင့် အတူ ဆရာတော်ကြီးများထံသို့ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ ကုန်းမြင့်သာ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တစက္ကိန္ဒာ ဘိဓဇ (အဂ္ဂမဟာသဒ္ဒမ္မဇောတိ ကဓဇ ဂန္တဝါစကပဏ္ဍိတ) အရှင်မြတ်ထံမှ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းမှုနှင့် ပတ်သတ်၍ ရှင်းလင်းမိန့်ကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ ရေစက်သွန်းချ အမျှပေးဝေ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ဗုဒ္ဓသာသ နံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်(၂၆)ကြိမ်မြောက် ခရို်ငအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်ရုံ၊အလုပ်ရုံး ဝန်ထမ်း ပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဉာတ်မကြီးပဒေသာပင်အပါအဝင် ပဒေသာပင် (၅၅)ပင်၊ ပစ္စည်းတန်ဖိုး (၉၄၇၃၉၀၀)ကျပ်နှင့် ငွေသားတန်ဖိုး (၂၀၂၉၃၂၀၀) ကျပ် စုစုပေါင်း (၂၉၇၆၇၁၀၀) ကျပ်ကို ကထိန်ရရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)