လိပ်သို နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိ ပညာပေးနှိုးဆော်မှု အား မြို့ပေါ်/ ရပ်ကွက်နှင့် ကျေးရွာများသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မာဒေးကျေးရွာ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့် သည်များ လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ အရာ၀တ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ အကယ်၍မိမိတို့ရောဂါ ပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေး ကြရန် စသည့် အချက်များကို မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူ များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)