ကသာ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ (၂၈)ကြိမ်မြောက် ခရိုင်/မြို့နယ်ဝန်ထမ်းပေါင်း စုံမဟာဘုံကထိန်ကို နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကသာမြို့၊ သဖန်းကိုင်းရပ်ကွက်ရှိ မြိုင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကသာမြို့၌ ခရိုင်နှင့် မြို့နယ်ဝန်ထမ်းပေါင်းစုံမှ စုပေါင်း၍ မဟာဘုံကထိန်အလှူတော်မင်္ဂလာကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် (၂၈)ကြိမ်အထိရှိခဲ့ပြီး ယခုနှစ် မဟာဘုံကထိန် အလှူတော်မင်္ဂလာကို မြိုင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမဟာဘုံကထိန်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)