ကျိုက်မရော၌ ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း

ကျိုက်မရော နိုဝင်ဘာ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘဏ္ဍာနှစ် ကာလအတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့်ဖွံဖြိုး ရေး လုပ်ငန်းများ ဆောင်ရွက်မည့်စီမံကိန်း  မိတ်ဆက်ခြင်းနှင့်   ကော်မတီ ဖွဲ့စည်းခြင်းကို နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

အဆိုပါစီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲစည်းခြင်းများ  ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသိန်းစိုးနှင့် စီမံကိန်းတာဝန်ခံ များက ကော်မတီဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို  ရှင်းလင်းပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြကြောင်း သိရသည်။

ကျေးရွာဖွံဖြိုးရေး စီမံကိန်းသည်ကျေးရွာမှ လိုအပ်သည့် ဖွံဖြိုးရေးလုပ်ငန်းများကို  ဦးစားပေး အစီအစဉ်အလိုက်ကျေးရွာလူထုမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စီမံကိန်း ဖြစ်ပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် အသက်မွေး ဝမ်း ကျောင်းလုပ်ငန်းများ  လုပ်ကိုင်နိုင်ရန်  အရင်းမပျောက်   လည်ပတ်ရန်ပုံငွေများ ထုတ် ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌  အဆိုပါစီမံကိန်းဆောင်ရွက်မည့်  ကျေးရွာများမှာ  ကြံတောကျေးရွာ၊ ကျောက်ကွဲ၊ ကော့ပန်းကျော်၊ သင်ခန်းချောင်ကျေးရွာ၊ လှည်းတန်းရွာနှင် ကြက်သွန်ကုန်းကျေး ရွာများ ဖြစ်ပြီးအဆိုပါကျေးရွာများ၌   စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဆောင်ရွက် ပြီးစီးပြီးဖြစ်၍   ဒေသဖွံဖြိုးရေးလုပ်ငန်းများကို     ဆက်လက်ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)