အုတ်တွင်း နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အုတ်တွင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ခေါင်ရမ်းကျေးရွာအုပ်စု၊ သိမ်ကုန်း ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် ခေါင်ရမ်းကျေးရွာမှ မိသားစုဝင်များအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာနိုင် ၃(က)ပြုလုပ်သူ(၃၄)ဦး၊ နိုင်၆(က)ပြုလုပ်သူ(၁၃၅)ဦး၊ မိတ္တူ(၁)ဦး၊ စုစုပေါင်း (၁၇၀)ဦးတို့အား နေ့ချင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက် ကာလသတ်မှတ်ချက်မှာ ၂၀၂၁ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ထိ ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ အုတ်တွင်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရမည့် လူဦးရေလျာထားချက်မှာ (၅၆၉၁) ဦး ရှိပါကြောင်း၊ ပြုလုပ်ရန်ကျန်ရှိသော ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ် ပြည့်ပြီးသူများကို လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အုတ်တွင်း မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)