Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Nov 20,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလ…
Nov 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့တွင်းဒေသစာရီကြွချီ အပူဇော်ခံယူပွဲတော် ကျင်းပ
Nov 20,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ရဟန္တာအရှင် မြတ်တို့မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်ဆိုလျှင် (၁၅၈)ကြိမ်မြောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Nov 20,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ချောင်းဆုံ (ပြန်/ဆက်) ဦးစီးဌာနရုံး (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ
Nov 20,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ…
Nov 20,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျေးရွာ(၄)ရွာရှိ ဒေသခံတိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်…
Nov 20,2021
ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အား စသည့် ပစ္စည်းများအတွက် အားတက်သရော ပါဝင်လှူဒါန်း ကူညီဆောင်ရွက်ပေးခဲ့ကြသည့်ပုဂ္ဂိုလ်များအား ချီးကျူးဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် ဖြစ်သည့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအား ယခုနှစ်ဒီဇင်ဘာလကုန်တွင် တိုင်းဒေသကြီးအတွင်းရှိ ကာကွယ်ဆေးထိုးနိုင်သည့် လူဦးရေ၏ (၅၀)ရာခိုင်နှုန်းအား ထိုးနှံနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ခဲ့ရာတွင် ယနေ့အထိပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၅၈၆၄၄၁)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇၃.၁၇)ရာခိုင်နှုန်း ထိုးနှံပေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အလှူရှင် အသီးသီးထံမှ အလှူငွေ၊ ဆေးဝါးနှင့်အောက်ဆီဂျင်အိုး၊ အိမ်သုံးအောက်ဆီဂျင်စက်စသည့် ငွေနှင့်ပစ္စည်း စုပေါင်း လှူဒါန်းမှု ငွေကျပ်သိန်းပေါင်း(၅၀၂၉၇)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးရုံများ၊ စေတနာဝန်ထမ်းများအတွက် ကျန်းမာရေး အကာအကွယ်သုံးပစ္စည်းများ၊ စားစရိတ်နှင့်စက်သုံးဆီဖိုးထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၅၃၅၁၇၂၀၀၀)သိန်းအား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း” အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု များအား ကြည့်ရှုစစ်ဆေး
Nov 20,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24270
Page
24271
Page
24272
Page
24273
Current page
24274
Page
24275
Page
24276
Page
24277
Page
24278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department