ချောင်းဆုံ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ချောင်းဆုံ (ပြန်/ဆက်) ဦးစီးဌာနရုံး (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားနေ့နှင့်ပတ်သက်၍ တက်ရောက်လာကြသူများ အား ဟောပြောခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညွှန့်ညွှန့်အေးမှ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် အထူးဂရုပြုရမည့် ကျန်းမာရေးအကြောင်းတို့ကို ပြောကြားခဲ့ပြီး "အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်" စာအုပ်ပြပွဲတွင် ပြသထားသည့် စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)