ကန့်ဘလူ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်နှင့် မြို့နယ်ဆိုင်ရာ မြေပြင်ပထဝီဝင် အချက်အလက်များကို Google Earth အသုံးပြု၍ ကောက်ယူစုဆောင်း သိမ်းဆည်းနိုင်စေရန်နှင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အချက်အလက်များအား ကဏ္ဍအလိုက် ပြုစုထားရှိပြီး အချိန်နှင့်တပြေးညီ မှန်ကန်မြန်ဆန်စွာ သိရှိနိုင်စေရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင်တင်နိုင်စေရန် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်လွင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် သင်တန်းတွင် ခရိုင်နှင့်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းသင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း