အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2021
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၉၉)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်ကျင်းပခဲ့သည်။
Nov 19,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်တွင် ယမန်နေ့ညပိုင်းက မြို့နယ်ကြက်ခြေနီ အရေးပေါ်ကားများဖြင့် ကြိုဆိုပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးစခန်းတွင် ထားရှိ၍ ယနေ့နံနက်(၉)နာရီက ပြည်တော်ပြန်အမျိုးသား(၂၃)ဦး၊ အမျိုးသမီး (၃၆)ဦး စုစုပေါင်း(၅၉)ဦးတို့ကို RDT Test Kitဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက် ၁၇ နှစ်အောက် အခြေခံဘောလုံးသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ် အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ရပ်ကွက်/ကျေးရွာ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်း သူများအတွက် အသိပညာဗဟုသုတတိုးပွားစေရန် Online မှတစ်ဆင့် အသိပညာ ပေးအစီအစဉ်များကိုရိုက်ကူး၍ တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ဆောင်ရွက်ပေးလျက် ရှိသည်။
Nov 19,2021
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။