ချောင်းဆုံ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားနေ့နှင့် ပတ်သက်၍ အကြောင်းအရာများအား ဟောပြောခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွှန့်ညွှန့်အေးက ကိုဗစ်-၁၉နှင့် ပတ်သက်သည့် အထူးဂရုပြုရမည့် ကျန်းမာရေးအကြောင်း တို့ကို ပြောကြားပေးခဲ့ပြီးနောက် "အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်" စာအုပ်ပြပွဲတွင် ပြသထားသည့် စာအုပ်၊ စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)