မြောင်းမြ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ရုပ်ပုံများအား ဆေးရောင်ခြယ်ယှဉ်ပြိုင်ခဲ့ကြရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများမှ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား လူထုအခြေပြု ဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ဆုချီးမြှင့်ပေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အမှတ်(၁၃) မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အားလပ်ချိန်တွင် အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အသိပညာဗဟုတများ တိုးပွားစေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်