အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2021
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အားကစား ခန်းမ အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Nov 20,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
Nov 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကျုံမှော်ကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 20,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 20,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း (စမ်းကြီး) တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပြုလုပ်သည်။
Nov 20,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအတွင်းအသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
Nov 20,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် ဥတည်ကျေးရွာအုပ်စု တောင်တော်ရပ်တွင် နေထိုင်သော ဒေါ်ဝင်းပပအား ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-
Nov 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ကပအုပ်စု အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ယမန်နေ့ နံနက်(၁၁) နာရီ အချိန်က ကပကျေးရွာအုပ်စု၊ မရမ်း‌ချောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။