အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန့်နေ့ မွန်လွဲပိုင်းက အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် အဆိုပါမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီအချိန်က လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စုရှိ၊ ဌာနေပြည်သူ့စစ် အစည်းအဝေးခန်းမ စုရပ်၌ ၎င်းဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းများ နေ့ချင်းပြီး (Onestop Service system) ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Nov 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
Nov 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေ ဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတဆင့်သော် လည်းကောင်း၊ပြည်သူထံသို့ တိုက်ရိုက်သော်လည်းကောင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီ အချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် ထာဝစဉ် မမေ့ (၁၀၁)နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ ခေါင်းစဉ်ဖြင့် ပြဘုတ်အား  ပြသဆောင်ရွက်ခဲ့သည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးဆောင်၍ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက်၁၀နာရီက အမှတ် (၅)မြို့မအခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 15,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ တတိယအသုတ် (Second Dose) နှင့် စတုတ္ထ အသုတ် (First Dose) များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုး စုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကန့်ကန်ကျေးရွာ အုပ်စုအတွင်းရှိ  သွားလာရခက်ခဲသော ကျေးရွာများမှ ပြည်သူများ မိုင်းလုံမြို့ရုံးတွင် ထပ်မံလာရောက် ဆောင်ရွက်ခဲ့ကြသည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နက်(၉)နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် စတင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးများ ထိုးနှံရာတွင် အဆင်ပြေစေရေး ဆေးထိုးစုရပ် (၇) နေရာခွဲပြီး ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။