Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေါပုံမြို့နယ်တွင် အသက် ၄၀ နှစ်အထက် မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါရှိသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံးရေး အသိပေးကြေညာ
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ကျဆင်းလာသော်လည်း ရောဂါပျံ့နှံ့မှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်း စည်းကမ်းသတ်မှတ် ချက်များ အတိုင်းသွားလာနေထိုင်ကြရန်နှင့် မြို့နယ်အတွင်းနိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ အ.ထ.က(၁)ကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ နိုင်ရေး အသိပေးကြေညာလျက်ရှိရာ ယနေ့ညနေ ၆ နာရီ အချိန်တွင် ယမုံနာရပ်ကွက်အတွင်း လှည့်လည်၍ အသိပေး ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် Mask Campaign ပြုလုပ်
Nov 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကူးဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ လူသွားလူလာများသည့်နေရာများ ၊ဂူဘားလမ်းဆုံ နှင့် စည်ပင်သာယာမြို့မဈေး၌ ယနေ့နံနက် ၆ နာရီ အချိန်တွင် Mask Campaignပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာ၊ ဓမ္မညီနောင် ကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းမဟာဘုံ ကထိန်းပွဲ ကျင်းပ
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ အင်းနို့သိပ္ပံကျေးရွာတွင် စုပေါင်း မဟာဘုံ ကထိန် မင်္ဂလာပွဲအခမ်းအနားကို ယမန်နေ့က တစ်ကမ္ဘာလုံး အေးမွှေးငြိမ်းချမ်းသာယာ အဓိဌာန် ပါရမီဆုပန် ဓမ္မညီ နောင် ဆုတောင်းပြည့်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြသခြင်းများ ဆောင်ရွက်
Nov 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပဥ္စမအသုတ် (ဒုတိယအကြိမ်) ကာကွယ်ဆေးဆက်လက်ထိုးနှံ
Nov 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ခန်းမ၌ အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပဥ္မမအသုတ် (ဒုတိယအကြိမ်) ကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ခင်စောတင့် ရေးသားသည့် “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ် ဆိုရင်” စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား/ ကျောင်းသူများအား (ဒုတိယ အကြိမ်) ကိုဗစ်ကာကွယ်ဆေး (Sinovac) ကို စနစ်တကျ ထိုးနှံပေး
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် (၁၂) နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် (၉) နာရီအချိန်ခန့်တွင် အ-ထ-က၊ ကလိန်အောင် ကျောင်းခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန့်နေ့ မွန်လွဲပိုင်းက အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24152
Page
24153
Page
24154
Page
24155
Current page
24156
Page
24157
Page
24158
Page
24159
Page
24160
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department