အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် နွားနောက် များအား ခြံခတ်စနစ်ဖြင့် မွေးမြူလျက်ရှိကြောင်း သိရသည်။
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် Phase-3 ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော သာသနာ့နွယ်ဝင်များ၊ ပြည်သူများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ကို အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
Nov 15,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၄) ရက် နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၇၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၆) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၆)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၃)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင် (၄)ဦး ၊ရှား​တောမြို့နယ်ရှိ (PMC)များတွင် (၆)ဦး နှင့်ဖားဆောင်းမြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
Nov 15,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့တွင် RDT ဖြင့် စစ်ဆေးသူ (၂၁၇) ဦးတွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၅) ဦး လက်ကျန်လူနာ (၁၅၅) ဦး ကျန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇.၀ဝ နာရီအချိန်က နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ​ယမန်​နေ့ နံနက်ပိုင်းက ​မွန်ကာ​ကျောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မေတ္တာမြို့၊ ဟိန္ဒားကျေးရွာ အုပ်စုများ၌ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။