တံတားဦး နိုဝင်ဘာဘာ ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ တတိယအသုတ် (Second Dose) နှင့် စတုတ္ထ အသုတ် (First Dose) များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုး စုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် တတိယအသုတ် (Second Dose) တွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူ အသက်(၁၈)နှစ် အထက် ဘုန်းတော်ကြီးနှင့် သီလရှင် (၃၅)ဦး၊ နိုင်ငံဝန်ထမ်း(၃၇) ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၂၄) ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း (၁၆) ဦး၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း (၅) ဦး၊ အခြားဝင ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၁၉၄) ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်များမှ ဝန်ထမ်း (၁၃၇) ဦး၊ မှီခိုနေထိုင်သူ (၄၃၂) ဦး ၊ စုစုပေါင်း (၁၈၈၀) ဦး ၊ စတုတ္ထအသုတ် First Dose ) တွင် ဘုန်းတော်ကြီး နှင့် သီလရှင်( ၄ )ဦး ၊ နိုင်ငံဝန်ထမ်း
(၂၁) ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၁၃) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၂၀) ဦး၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ (၈) ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၄၀၈) ဦး၊ စားသောက် ကုန်ပစ္စည်းရောင်းချသူ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်များမှဝန်ထမ်း (၁ ) ဦး၊ မှီခိုနေထိုင်သူ (၁၁၉) ဦး၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ (၈၄၄) ဦး ၊ စုစုပေါင်း( ၁၄၄၉ )ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ဆေးထိုးနှံပြီးစီးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး တတိယအသုတ် (Second Dose ) နှင့် စတုတ္ထအသုတ် ( First Dose ) ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ရှင်လူမှုရေးအဖွဲ့များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီနေ့စဉ် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအချိန်ထိ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ရဲတင့်(တံတားဦး)