ကျောက်ဆည် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နက်(၉)နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် စတင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးများ ထိုးနှံရာတွင် အဆင်ပြေစေရေး ဆေးထိုးစုရပ် (၇) နေရာခွဲပြီး ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ဆေးထိုးစုရပ်များဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ရွှေ အခြေခံပညာအထက်တန်းကျောင်း၊ ဟံမြင့် မိုရ် အခြေခံပညာ အထက်တန်းကျောင်း၊ သံရွာအခြေခံပညာအထက်တန်းကျောင်း၊ ကုန်းကြီး အခြေခံ ပညာအထက်တန်းကျောင်း၊ ရဲရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ဖျောက်ဆိပ်ပင် မူလတန်း လွန်ကျောင်းများတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အသက်(၁၂)အထက် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုရပ်တွင်(၉၈၅)ဦး၊ ညောင်ရွှေ အခြေခံပညာ အထက်တန်းကျောင်း စုရပ်တွင်(၃၉၇)ဦး၊ ဟံမြင့်မိုရ် အခြေခံပညာအထက်တန်းကျောင်း စုရပ်တွင် (၆၅၀)ဦး၊ သံရွာ အခြေခံပညာ အထက်တန်းကျောင်း စုရပ်တွင်(၂၄၅)ဦး၊ ကုန်းကြီး အခြေခံပညာ အထက်တန်းကျောင်း စုရပ်တွင်(၄၀၄)ဦး၊ ရဲရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုရပ်တွင် (၄၀)ဦး၊ ဖျောက်ဆိပ်ပင် မူလတန်းလွန်ကျောင်း စုရပ်တွင်(၄၂၄)ဦး စုစုပေါင်း(၃၁၄၅)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညားရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)