ရမည်းသင်း နိုဝင်ဘာ-၁၅
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးဆောင်၍ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက်၁၀နာရီက အမှတ် (၅)မြို့မအခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက အမျိုးသားနေ့ပေါ်ပေါက်ပုံကို ရှင်းလင်းပြောကြားပြီးမြို့မ အထက် တန်းကျောင်း အလယ်တန်းပြဆရာမ ဒေါ်ဆင့်ဆင့်သိမ်းမှ အမျိုးသားနေ့ သမိုင်း ကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့မအထက်တန်းကျောင်း၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများမှ ခရိုင်ပြန်/ဆက် ဦးစီးဌာနမှခင်းကျင်းပြသထားသည့် သုတ၊ရသ စာအုပ်များကို ဖတ်ရှု့လေ့လာ ခဲ့ကြကြောင်းသိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)