အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်ဆေး တစ်ကြိမ်မှတစ်ခါမှ မထိုးရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူများကို ယနေ့ နံနက် ၉ နာရီမှညနေ ၃ နာရီထိ အထက၂ ကျောင်း၌ Sinopharm Phase 4 first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ နိုဝင်ဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ရာဖူးကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့နံနက် (၉) နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေးကို အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် (တတိယ) ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းကို ယမန်နေ့ နံနက် ၉အချိန်က စာတွေ့လက်တွေ့ သရုပ်ပြသင်တန်းပို့ချ ပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဖြစ်သည့် ဘုရားကျောင်းကန် ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၈နာရီက ပေါင်းတည်မြို့၊ စျေး(၂)ရပ်ကွက်ရှိ ဘုရားကြီးတိုက်ဝန်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် မင်းသားကြီးကန်တော်ရေကန် ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2021
မြန်မာနိုင်ငံသားတိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး ရေးလုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးက ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီမှစတင်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac  ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။