မိုးနဲမြို့နယ်၌ (RDT) Test Kit ဖြင့် ၁၈၉ ဦးစစ်ဆေးရာ အတည်ပြုလူနာသစ် ၉ ဦးထပ်မံတွေ့ရှိ

မိုးနဲ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် နမ့်မော်ဆွမ့် ကျေးရွာအုပ်စု အလကကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား (RDT) Test Kit ဖြင့် ၁၈၉ ဦးကို ကျန်းမာရေးစစ်ဆေးခဲ့ရာ အမျိုးသား ၄ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ၉ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးနှင့် လွိုင်မြေ ရပ်ကွက်နေ ကိုဗစ်-၁၉ အတည်ပြုလူနာအမျိုးသားတစ်ဦး သေဆုံးခဲ့‌ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှ ယနေ့နံနက်ပိုင်းအထိ  ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် အတည်ပြု လူနာများ(၃၈၃) ဦးအနက် သေဆုံးသူ (၅) ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၈၅) ဦးနှင့် (၉၃) ဦးသည်ဆေးကုသခံယူလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)