ကျောက်တံခါးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခွက်နင်းပြိုင်ပွဲ ကျင်းပ

ကျောက်တံခါး နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၁၀၁)နှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခွက်နင်းပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ခွက်နင်းပြိုင်တွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ (၁၂)ဦး  ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု လျော့နည်းလာသည့်အတွက် ကျောက်တံခါးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကလေးများ ကာယ ဉာဏ ဖွံဖြိုးတိုးတက်စေရေး၊ စိတ်ပျော်ရွှင်ပြီး ဗဟုသုတရရှိစေရေးတို့အတွက် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြော၊ စာလုံးပေါင်းသတ်ပုံ၊ ခွက်နင်း၊ ဘောလုံးပစ်နှင့် ဖိနပ်စီး ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်း