ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့‌၌ တည်ထောင်ဖွင့်လှစ်သွားမည့် အား/ကာ သိပ္ပံ ကျောင်းမြေနေရာနှင့် နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာ လှပရေးတို့အား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား        နိုဝင်ဘာ       ၁၆

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မြစ်ကြီးနားမြို့၌ တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့အား ယနေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူး ချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး အတွက် လျာထားသတ်မှတ်ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောက်ပယ်ဖျတ်ကွင်းအတွင်းရှိ မြေနေရာနှင့် အဆိုပါ‌‌ ကျောင်းလျာထားမြေနေရာ အဝင်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်မြေဧရိယာအတွင်း အား/ကာ သိပ္ပံကျောင်း အပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့် ရှေရှည်စီမံကိန်း လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်နိုင်ရေးတို့အား ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြစ်ကြီးနား နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းမင်းဦးမှ  ကျောင်းဝင်း အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက္ကသိုလ် ပရဝဏ် သန့်ရှင်းသာယာ လှပရေးအတွက် ထပ်မံဆောင်ရွက်သင့်သည့် လုပ်ငန်းများအား လမ်းညွှန်ပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်ကျောင်း ပြန်လည်ဖွင့်လှစ်ပါက ဦးစွာ ကျောင်းသား/သူ များအား စာရင်းဇယားကောက်ယူပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်