မော်လမြိုင်တွင် လူငယ်၊လူရွယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန် Physical Fitness Dance နည်းပြသင် တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

မော်လမြိုင်     နိုဝင်ဘာ        ၁၆

၂၀၂၁ခုနှစ်၊  မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်  အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ကြီးမှူး ဖွင့်လှစ်သည့် Physical  Fitness   Dance  နည်းပြသင်တန်းဆင်းပွဲနှင့်  ဆုပေးပွဲကို    ယနေ့နံနက်   ၉နာရီခွဲက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌဦးမြတ်ယုက နိုင်ငံတော်မှ မြန်မာ့အားကစား    အဆင့်အတန်း မြင့်မားတိုးတက်စေရေးအတွက်  အမျိုးသား ရေးတာဝန်တစ်ရပ် အဖြစ်ခံယူ၍ ဆောင်ရွက်ပေးလျက်ရှိရာ Physical  Fitness Dance အားကစားသည်လည်းကျန်းမာ ပျော်ရွှင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တဘက် စုံဖွံ့ဖြိုး တိုးတက်စေရန် ကိုယ်ကာယကြံ့ခိုင်မှုဖြစ်စေကြောင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းသည်တစ်ဦးနှင့်တစ်ဦးစည်းလုံးညီညွတ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖြင့် လူမှုအဖွဲ့အစည်းနှင့်  ပတ်ဝန်းကျင်တွင်   လက်တွေ့အသုံးချနိုင်မည်ဖြစ်ကြောင်း၊ နောင်တွင်  ခေါင်းဆောင်များဖြစ် လာမည့် လူငယ်၊  လူရွယ်များ    ကျန်းမာကြံ့ခိုင် ရေးသည်အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သောကြောင့် ရပ်/ရွာ ပြည်သူ လူထုအတွက်သာယာဝပြောသော လူဘောင်သစ် ဖြစ်လာမည်ဖြစ် ကြောင်းအမှာစကား ပြောကြားသည်။

ဆက်လက်၍သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း ကိုမော်လမြိုင်ခရိုင်စီမံ အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌဦးမြတ်ယုက လည်းကောင်း၊ အကောင်းဆုံး  သင်တန်းသားဆု  ရရှိသည့် မပန်းနုဆည်ဆားအားအမျိုးသမီးရေးရာအဖွဲ့ဒေါ်မြသန်းကလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဋ္ ဌဒေါ်ခိုင်သဉ္ဇာမျိုးက လည်းကောင်း  အသီးသီး ချီးမြှင့်ပေးပြီး နောက် သင်တန်းသား၊  သင်တန်းသူများက Physical  Fitness Dance အကအလှဖြင့် သရုပ်ပြပေး သည်။ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဉီးဖြင့်  နိုဝင်ဘာ ၈ရက်မှ ၁၆ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)