တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်  လူငယ်နဲ့  အထက်တန်းစားစိတ်ဓာတ်   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို နိုဝင်ဘာလ(၁၆)ရက်၊ နံနက်(၁၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုရရှိစေရန်  အပတ်စဉ်အင်္ဂါနေ့တိုင်းစာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။   စာထောက်(၃)ဒေါ်သိမ့်သိမ့်အေးက    လူငယ်နဲ့   အထက်တန်းစားစိတ်ဓာတ်  ခေါင်းစဉ်ဖြင့်လည်းကောင်း၊         ရုပ်သံကျွမ်းကျင် (၃)ဒေါ်ဌေးဌေးဝင်းက    လူငယ်နဲ့   ခုခံအား    ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဓာတ်ပုံ ကျွမ်းကျင်(၂) ဦးကျော်မျိုးနိုင်က လူငယ်နဲ့ စရိုက်ဆိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်တင်မိုးခိုင်က လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ သည်။ ဆက်လက်၍မြို့နယ်ဦးစီးမှူး  ဦးရဲဝင်အောင်နှင့်ဝန်ထမ်းများက  အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)