ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစု နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ သဲချောင်းကျေးရွာအုပ်စု၌ လည်းကောင်း၊ နိုဝင်ဘာလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရေကန်တောင်ကျေးရွာအုပ်စု၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၂၉၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင် ၆(က) (၂၂၁)ဦး၊ လဲလှယ်(၃၇)ဦး၊ မိတ္တူ(၁၄၅)ဦး၊ စုစုပေါင်း(၆၉၅)ဦးနှင့် အိမ်ထောင်စုရွေ့ပြောင်း(၉၃)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)