ပန်းတောင်းမြို့၌အသက်( ၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအ​ကြိမ် ထိုးနှံပေးလျက်ရှိ

ပန်းတောင်း နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ​ပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်တွင် အသက်(၁၂) နှစ်နှင့်အထက်​ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က(ထုံးဘို)၊ အ.ထ.က(ဂုံညှင်းတန်း)၊ အ.ထ.က(ရှားဖြူကွင်း)၊ အ.ထ.က(ကျောင်းဦး)၊ အ.ထ.က(ပဲကြီး) တို့တွင် ဆေးထိုးစုရပ်(၇)ခုဖြင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်​ဆေးထိုးနှံ​ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ဦး​ဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို  သတ်မှတ်စည်းကမ်း များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းကူညီ ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းအေး