တန့်ယန်း နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဝေဠုဝန် မူလတန်းလွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် ကျင်းပခဲ့ကြသည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းမှတ် အသိပညာပေး အကြိုဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်က ကျောင်းသားကျောင်းသူများ အသိပညာ တိုးပွားလာစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်အတွက် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသာနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ကိုပြသရာ ကျောင်းသား/ကျောင်း သူများက ကြည့်ရှု့လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)