သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

သီပေါ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါ မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးမှူက မြိုတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “သမီးအလိမ္မာ” ကဗျာစာအုပ်ကို ဖတ်ပြ၍ ရိုက်ကူးကာ   Online မှတစ်ဆင့် ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)