မြောက်ဦးခရိုင် Community Centre ခန်းမအတွင်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

မြောက်ဦး နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်    မြောက်ဦး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲနှင့်ဟောပြောပွဲအား ယနေ့နံနက် နာရီအချိန် က အဆို ပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ နှင့ဟောပြောပွဲကျင်းပပြုလုပ်ရာတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ  အကြီးတန်းစာရေး ဦးတင်ဝင်းမှ အမျိုးသားအောင်ပွဲနေ့အစ ပထမကျောင်းသားသပိတ်က ဟူ၍လည်းကောင်း၊ ကျွန်ပညာရေးစနစ်အား တွန်းလှန်ဆန့်ကျင်ကာ ကိုယ်ကျိုးစွန့်အနစ်နာခံ ခဲ့ရာမှအစပြုလာသည့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ များသိရှိစေရန် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၃၀)ဦးမှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း အဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ (၃၅)ဦးမှ အမျိုးသားနေ့အစ ကျောင်းသားသပိတ်က ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက်  စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူ ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ခင်မောင်ထွန်း