ဝက်လက်မြို့၌ ၁၀၈ ကြိမ်မြောက် စုပေါင်းဘုံမဟာ ကထိန် ကျင်းပပြုလုပ်

ဝက်လက် နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၌ ၁၀၈ ကြိမ်မြှောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီ အာယုဂဏန အဘရ စေတီတော်အတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းနာသို့ တက်ရောက်လာသော ဆရာတော်သံဃာတော်များ၊ သီလရှင်များကို အာရုံဆွမ်း ဆက်ကပ်ပြီးနောက်၊ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မာဃိန္ဒါရာမပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးမာဃဝထံမှ ငါးပါသီလ ဆောက်တည်ခဲ့ကြသည်။

ယင်းနောက် အခမ်းနားသို့ တက်ရောက်လာသူများက သံဃာတော် အရှင်သူမြတ်များကို   သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ဦးမာဃဝထံမှ ရေစက်သွန်းချ နမောတဿ တရားနာယူခဲ့ကြပြီး၊ အခမ်းနားကို ဗုဒ္ဓသါသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ဝက်လက် မြို့နယ်တွင် ၁၀၈ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းရာတွင် မြို့ပေါ်ရှိ၊ ကျောင်းတိုက် ၁၇ တိုက်မှ သံဃာတော် ၁၇ ပါးကို သင်္ကန်းနှင့် ဝတ္ထုငွေများကို ဒေသခံပြည်သူများက ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)