အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ ခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နအတွင်းရှိ စျေးသူ၊ စျေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT test kit ဖြင့် စစ်ဆေးပေးခြင်းကို နိုဝင်ဘာ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များ အတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Page များတွင် လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများ အဖွဲ့ဝင်များ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့် အညီ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Nov 16,2021
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ ကစီစဉ် ကျင်းပသည့်​​ မကြာမီကျ​ရောက်မည့် (၁၀၁)ကြိမ်​မြောက် အမျိုးသား​နေ့အထိမ်းအမှတ်​ပျော်ပွဲရွှင်ပွဲ များကို ယ​နေ့နံနက် ၁၀ နာရီတွင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre)၌ ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေးအတွက် ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့သည်။
Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာအုပ် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ “ကိုယ်ပဲလူကြီး ကိုယ်ပဲကလေး” စာအုပ်ဖြင့် လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် လူထုအခြေပြု ဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများမှ ဆရာရေးဆရာ မောင်သာမည ရေးသားသည့် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်း စာအုပ်ကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။