ကျွန်းစုမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်

ကျွန်းစု နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ပြောင်းလဲသောရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကာကွယ်ရေး နည်းလမ်းများကို  ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍  အသိပေး နှိုးဆော်တိုက်တွန်း ပေးခဲ့ကြောင်း သိရသည်။   

အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်းများ၊ နေအိမ်အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျဖြစ်မနေတပ်ဆင်အသုံးပြုကြရန်၊ စ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှပ်ခွါခွါ နေထိုင် လုပ်ကိုင်ရန်၊ လူစု လူဝေးရှောင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေးရန်၊ အလုံပိတ်ခန်း များကို အတတ်နိုင်ဆုံးရှောင်ရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းအသိပေးပါရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်နှင့်အညီ တိကျ စွာလိုက်နာဆောင်ရွက်ပါရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယ လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်မာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ စသည်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီးအပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကိုစနစ်တကျ မတပ်ဆင်ခြင်းနှင့်လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။

စံပယ်ဖြူ(ကျွန်းစု)