ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားစေရေး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးဟောပြော

 

ပွင့်ဖြူ     နိုဝင်ဘာ     ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ ပညာပေး ဆွေးနွေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန် ကျောင်းနှင့် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန် ကျောင်းသို့သွားရောက်ပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွား စေရေးအတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေး လုပ်ဆောင်ရမည့်အချက်များ၊ တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံ့ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် အချက် များကို အသိပညာပေး ရှင်းလင်း ဆွေးနွေးဟောပြောပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ ပညာပေးနံရံ ကပ်စာစောင် ပြသ ဆောင်ရွက်ပေးရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုကြသည်။

ဆက်လက်၍ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ အသိပညာ တိုးပွားစေရေး အတွက် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေး ဟောပြော ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နံရံစာစောင်ပြသခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )