မိုင်းဖြတ် ၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ရက်နေ့ ညနေ ၄နာရီက ကချင်စံပြကျေးရွာနှင့် ပါယောင်းကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးပညာပေးနိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင် ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ တက်နိုင်သမျှ နေအိမ်ထဲမှာသာနေထိုင်ရေး၊ မဖြစ်မနေ အပြင်သို့ထွက်ရပါက နှာခေါင်းစည်း(Mask)တပ်ဆင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးစသည့် အချက်များကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထို့နောက် မြို့နယ်အတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားနေမှုများ လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များပူးပေါင်းပြီး ကိုဗစ်- ၁၉ရောဂါ ရှိ/မရှိ (အခမဲ့) စစ်ဆေးပေးရာ၌ လာရောက်စစ်ဆေးပေးနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးတို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး