အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်​မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေး ပန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြရန်အတွက် အသိပညာ ပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်- ပုသိမ် ကားလမ်းတွင် လိုက်လံအသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။
Nov 24,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြု အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 24,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ရေငံ သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း ( ခွဲ ) တွင် ယမန်​နေ့ ​နေ့လည် ၁၂ နာရီက ​ကျောင်းသား ၊ ​ကျောင်းသူများအား ဒုတိယအကြိမ် ကိုယ်ဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိ ယအကြိမ်ဆက်လက် ထိုးနှံပေးခဲ့​ကြောင်း သိရ သည်။
Nov 24,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို နိုဝင်ဘာ(၂၂)ရက်​နေ့မှ စတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အညီအငြိမ်းစား ၀န်ထမ်းများ ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့် တိုက်ရှိ ကလေး စာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဆေးထိုးစုရပ်တွင် ထိုးနှံပေးလျက်ရှိသည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၃ ရက်ညနေ ၃ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များသို့ မြန်မာ-ပိုးကရင်ဘာသာ စကားနှစ်မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုး ဆော်ကြေညာ ခဲ့ကြောင်းသိရသည်။
Nov 24,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍ တောင်လယ်တော ကျေးရွာအုပ်စုနှင့် သောင်ပြင်ကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။