အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အ.ထ.က (၁) ဟင်္သာခန်းမ ဆေးထိုး စုရပ်တွင် ယနေ့နံနက် ၈ နာရီက အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 24,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင်များ စုပေါင်း၍ “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ကြောင်း သိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင်  ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ဗဟုသုတများကို သိရှိနိုင်စေရန် အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက စာသင်ကျောင်း၊ လူစည်ကားရာ နေရာများနှင့် ဌာနဆိုင်ရာရုံးများ၌ သွားရောက် ဖြန့်ဝေခဲ့သည်။
Nov 24,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ယ​နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေးကော်မတီအဖွဲ့မှ ဦး​ဆောင်၍ မြို့မ​စျေးရှိ​​ စျေးဆိုင်ရှင်များ၊ ပျံကျ​စျေးသည်များ၊​ စျေးဝယ်သူများနှင့် မြို့တွင်း ဝင်/ထွက် သွားလာသူများ၊ ရပ်ကွက်​ကျေးရွာအုပ်စုများအထိ ကွင်းဆင်း၍ စုစု​ပေါင်း လူဦး​ရေ (၁၃၅) ဦးအား RDT Test kit ဖြင့် စစ်​ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၂၁) ဦး​ တွေ့ရှိခဲ့​ကြောင်း သိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Nov 24,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် မုန်ကုန်းကျေးရွာနေ လူငယ်အမျိုးသား၊အမျိုးသမီးများနှင့် ဂေါပကအဖွဲ့က ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိသော (၉၅)ကြိမ်မြောက် ရွှေမြင်းတင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်(နိုဝင်ဘာ ၂၃ရက်) နံနက် ၈ နာရီက စတင်ကာ မုန်ကုန်းကျေးရွာ အာယုဒီဃဥယျာဉ်ကုန်းတော်ပေါ် စာသင်ပျိုးဥယျာဥ်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Nov 24,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ယမန်နေ့နေ့လယ်(၂)နာရီအချိန်ခန့်က အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းကိုဖွင့်လှစ်ခဲ့သည်။