ငပုတောမြို့နယ် အတွင်းရှိအသက် (၁၂) နှစ်နင့်အထက်​ကျောင်းသား ၊ ကျောင်းသူ များအား ကိုဗစ် - ၁၉ ​ရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးနှံ ​ပေး

ငပု​တော       နိုဝင်ဘာ  ၂၄

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ရေငံ  သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း ( ခွဲ ) တွင် ယမန်​နေ့ ​နေ့လည် ၁၂ နာရီက ​ကျောင်းသား ၊ ​ကျောင်းသူများအား ဒုတိယအကြိမ် ကိုယ်ဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိ ယအကြိမ်ဆက်လက် ထိုးနှံပေးခဲ့​ကြောင်းသိရ သည်။

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာ အုပ်စု၊ ​ရေငံသရက် ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း ( ခွဲ )၌ “ကျောင်း နေအရွယ်ကလေးတိုင်း ကျန်း မာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ  ​ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၂ နှစ်အထက်အ​ခြေခံပညာ အလယ်တန်းနှင့်အထက်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ များအား ယမန်နေ့  ​နေ့လယ်  ၁၂  နာရီမှ စ၍ ​ရေငံသရက်ကုန်း အ ခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အစည်းအ​ဝေးခန်းမတွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယ အကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ​​ကျေးရွာအတွင်း ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်အသက် ၁၂ နှစ်အထက်  အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း   ၇၆  ဦးအား ယနေ့တွင် ​ကျေးလက် သူနာပြု ဆရာမများက  ကိုဗစ်- ၁၉ ​ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေး လျက်ရှိပြီး၊ ကာကွယ်ဆေးထိုး နှံပေးရာသို့ ​ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ တာဝန်ရှိ သူများ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှု​ရေးအသင်းအဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီ​ဆောင်ရွက်​ပေးလျှက်ရှိ​ကြောင်း သိရသည်။

 

နုနု​အေး