အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဂန့်ဂေါခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် (RC) ၁ ထပ် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးထံမှ သိရသည်။
Nov 24,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁ခုနှစ် ၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန(ရုံးချုပ်) မှ ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကိုယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံပြည် သူများနှင့်(Book Club)အဖွဲ့ဝင် များထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
Nov 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကာလအလွန် အိမ်ခြံဝင်း အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က သံမိုးတောင် ကျေးရွာရှိ တောင်သူမာသာနီနီအောင်၏
Nov 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်  ပြည်သူများနေအိမ်ပြင်ပထွက်ခွာပါက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီသွားလာရန်အသိပညာပေးနှိုးဆော်မှုများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင်   ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော    ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ဒေသနေပြည်သူများ    ကျယ်ကျယ်ပြန့်ပြန့်   သိရှိလိုက်နာကြစေရန်   အသိပညာပေး  နှိုးဆော်မှုများကို    ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
Nov 24,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တက်ရေးဦးစီးဌာနမှ သိရသည်။
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ပန်းခင်း စီမံချက်ဖြင့် မှတ်ပုံတင်များ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။