စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အညီအငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများထုတ်ပေး

စဉ့်ကိုင်    နိုဝင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို နိုဝင်ဘာ(၂၂)ရက်​နေ့မှ စတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အညီအငြိမ်းစား ၀န်ထမ်းများ ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။

ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှင့်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဘဏ်ရုံးအ၀င်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရေများ၊ လက်ဆေးဆပ်ပြာ များထားရှိ ပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာဘဏ်ရုံးအတွင်း၀င်ရောက်စေခြင်း၊  တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာတွင်စီစဉ်ထားရှိပြီး   အငြိမ်းစား၀န်ထမ်းများ  ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်မြန်မာ့စီးပွားရေးဘဏ်တွင်အများသူငှာ ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ချိန်များတွင်  ထုတ်ပေးလျက်ရှိပြီး နိုဝင်ဘာ (၂၂)ရက်နေ့မှ နိုဝင်ဘာ (၂၃) ရက်​နေ့  အထိ အငြိမ်းစား ပင်စင် ၀န်ထမ်း(၅၂၀)ဦးအား ငွေကျပ်(၅၅၉၅၉၄၄၅. ၉၅) ကျပ်အား ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လစာထုတ်ရက်မတိုင်မီအထိ နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၃) နာရီထိ  လူစုလူဝေးမဖြစ်ပေါ်စေရန်  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ညိုညို၀င်း (စဉ့်ကိုင်)