အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Nov 24,2021
လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများ တွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ငွေကျပ် သိန်း(၄၀)တန်ဖိုးရှိ လူနာကုတင်ကိုအလှူရှင်ဒေါ်သိန်းမြင့်၊(ကိုသန်းနိုင်)၊ မသင်းသင်းချို (သီတာဦး) မိသားစုက ယမန်နေ့မွန်းလွဲပိုင်းကလှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် သူနာပြု ဆရာမများက လက်ခံရယူခဲ့ကြသည်။
Nov 24,2021
 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ် မြို့နယ် ကမ္ဘောဇ ခန်းမတွင် ဖြန့်ဝေပေးခဲ့သည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ( Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးTalk Showကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့​သည်။
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီခန့်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ပေါ်ရပ်ကွက် များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။