ရှမ်းရွာသစ် နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့် တိုက်ရှိ ကလေး စာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထားခဲ့ရပြီး ယခုအချိန် တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည် ဖွင့်လှစ်ချိန်တွင် ကျောင်းသားလူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန် ၊ စာကြည့်တိုက် သို့လာရောက်ပြီး စာအုပ် စာပေများကိုဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်၊ နေ့ထူးနေ့မြတ်များ အကြောင်းသိရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးကောင်းမွန်ရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေးအေးနွဲ့