အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပသည့် တက္ကသိုလ်ဓမ္မာရုံပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
Nov 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့က ကြာအင်းကျေးရွာအုပ်စုသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 24,2021
 မိတ္ထီလာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး ၁၁ ကေဗွီဓာတ်အားလိုင်း ၁၂.၅မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်မန်နေဂျာရုံးမှ သိရသည်။
Nov 24,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းထဲအရောက် သွားရောက် ဆောင်ရွက်ခဲ့သည်။
Nov 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဗန်းမောက်မြို့ အခြခံပညာ အထက်တန်းကျောင်း၌ စုရပ်အဖြစ်သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများ၊ ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့်ဝန်ထမ်းများက အထက- လေးမျက်နှာအခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းသား/သူများနှင့် ဗိုလ်ချုပ်လမ်းဆုံရှိ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာ နှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။