Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘားအံမြို့တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 24,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ပိုင်းက ဘားအံမြို့ရှိ အခြေခံပညာကျောင်း များနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံး ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇)ကတ်အား မြို့နယ် ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခြင်းခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ နွေစပါးနှင့်နေကြာစိုက်တောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုံးသက်သာစွာဖြင့် ရောင်းချပေး
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့်နေကြာစိုက်တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုံးသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို နိုဝင်ဘာ ၂၃ ရက် တွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 24,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊မုတ္တမကျွဲခြံကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက် ကမ်းစာစောင်ဖြန့်ဝေ
Nov 24,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်၁၀နာရီချိန်က စည်ပင် သာယာ ဈေးနှင့်လူသွားလူလာများ သောလမ်းဆုံ ၊လမ်းခွနေရာများတွင် ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်Talk Show ပြုလုပ်
Nov 24,2021
ကရင်ပြည်နယ်မြဝတီခရိုင် စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအားအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် Talk Show အား ယနေ့နံနက် ၉ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုဌာန Community. Center ခန်းမတွင် ပြုလုပ်ခဲ့သည် ။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး (GAqP) သင်တန်း (၇/၂၀၂၁) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
Nov 24,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် ၉နာရီက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး (GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23976
Page
23977
Page
23978
Page
23979
Current page
23980
Page
23981
Page
23982
Page
23983
Page
23984
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department